တစ်ဖက်သတ် relationship မှာ သင်ပိတ်မိနေပြီဆိုတာ ဖော်ပြနေတဲ့ အချက်တွေ

shutterstock/  evrymmnt
Sponsored

လူနှစ်ယောက် ချစ်ကြိုက်ကြတဲ့အခါ အဲဒီ့ relationship အဆင်ပြေဖို့ နှစ်ယောက်လုံးရဲ့ တာဝန်တွေရှိနေပါတယ်။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေ၊ ဖေးမမှုတွေ၊ ချစ်ခြင်းတွေ ဒါတွေက မရှိမဖြစ်လိုအပ်တဲ့ အရာတွေပါ။ ဒါပေမယ့် တစ်ချို့သော relationship ‌တွေက တစ်ဖက်တည်းကပဲ ဖြည့်ဆည်းနေရပြီး တစ်ဖက်တည်းကပဲ အရမ်းပင်ပန်းနေကြရပါတယ်။ ဒီအချက်တွေက သင်ဟာ တစ်ဖက်သတ် relationship ထဲမှာ ပိတ်မိနေပြီဆိုတာကို ဖော်ပြနေတာ ဖြစ်ပါတယ်။

နှစ်ယောက်လုံးအတွက် သင်ကပဲ စဉ်းစားရတယ်

shutterstock/fizkes

သင်တို့ရဲ relationship အဆင်ပြေဖို့၊ တည်မြဲဖို့ကို သင့်ဖက်ကနေပဲ အားစိုက်နေရပြီး သူ့ရဲ့အားထုတ်မှုကို မတွေ့ရပါဘူး။ ဥပမာ – သင့်ဘက်က ဖုန်းမခေါ်တဲ့အခါ သူ့ဘက်က ဖုန်းစမဆက်လာတတ်တာမျိုး၊ နှစ်ယောက်တွေ့ကြဖို့ကို သင့်ဖက်ကပဲ တစ်ချိန်လုံး ဘယ်နေရာမှာတွေ့မယ်၊ ဘယ်တော့တွေ့မယ် စသဖြင့် ပြောနေရတာမျိုး အကုန်လုံးကို သင်ပဲစဉ်းစားနေရတာမျိုး ဖြစ်နေတတ်ပါတယ်။

READ
'The King: the Eternal Monarch' ရိုက်ကွင်းက Lee Min Ho ရဲ့ပုံရိပ်လေးများ

သူ့ကို သင်သေချာမသိဘူးလို့ ခံစားလာရတတ်တယ်

shutterstock/ ModernNomads
Sponsored

အရင်က သူမဟုတ်တော့ပဲ ပြောင်းနေလာနေတယ်လို့ ခံစားနေရသလို အရင်ကိုယ်နဲ့ စတွဲတုန်းက သူမဟုတ်သလို ခံစားနေရာပါတယ်။ နောက်ပြီး သူ့အကြောင်းတွေကို သေချာမသိသလို ဖြစ်လာနေတာက သူနဲ့ သင်ဟာ တဖြည်းဖြည်း ဝေးကွာနေတယ်ဆိုတာကို ဖော်ပြနေတာ ဖြစ်ပါတယ်။

ကိုယ့်ဘက်ကပဲ အလျော့ပေးမိနေတယ်

shutterstock/Leszek Glasner

ဘယ်လိုကိစ္စမျိုးပဲဖြစ်ဖြစ်၊ ဘယ်လိုအကြောင်းအရာမျိုးပဲဖြစ်ဖြစ် ဒီဆက်ဆံရေးလေး ပြတ်တောက်သွားမှာစိုးတဲ့စိတ်ကြောင့် ကိုယ့်ဘက်ကနေပဲ အလျော့ပေးနေမိတာမျိုး ဖြစ်နေတတ်ပါတယ်။ ရန်ဖြစ်စကားများကြတိုင်းလည်း ကိုယ့်ဘက်ကပဲ စခေါ်တာ၊ သူစိတ်ဆိုးသွားမှာစိုးလို့ ကိုယ့်ဘက်ကနေ အလျော့ပေးလိုက်တာ၊ ကိုယ်စိတ်ဆိုးချင်ပေမယ့် သူစိတ်ကွက်သွားမှာစိုးလို့ စိတ်မဆိုးဖြစ်တော့တာ စသဖြင့် ဒီလိုကိုယ့်ဘက်က အလျော့ပေးတဲ့အချက်တွေ များနေတတ်ပါတယ်။

စိုးရိမ်ကြောက်ရွံ့နေမိတာ

shutterstock/ Africa Studio

ကိုယ်ချစ်ရတဲ့သူရဲ့ လက်ကိုဆုပ်ကိုင်ထားရပေမယ့် ပျော်ရွှင်တဲ့ခံစားမှုတော့ မခံစားရပဲ အမြဲတမ်း စိုးရိမ်ကြောက်ရွံ့တဲ့ ခံစားချက်မျိုး ကိုယ့်ဆီမှာ ဖြစ်နေတတ်ပါတယ်။ ဒီ relationship လေး ပြိုကွဲသွားမှာကို စိုးထိတ်နေပြီး သူကိုယ့်အပေါ် စိတ်ကုန်သွားမှာကို ကြောက်နေမိပါတယ်။ ဒါက သင့်ကို ပျော်ရွှင်မှုဆိုတာထက် စိုးရိမ်ကြောက်ရွံ့မှုနဲ့ပဲ နေထိုင်နေရတာပါ။ ဒါက တစ်ဖက်သတ် relationship ထဲမှာ သင်ပိတ်မိနေတယ်ဆိုတာ ဖော်ပြနေတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

READ
တစ်နေ့ မိနစ်(၂၀)ခန့် ခြေထောက်မြှောက်လေ့ကျင့်ခန်း လုပ်ရုံဖြင့်ရရှိမယ့် အကျိုးကျေးဇူးများ

Khin

sponsored